တေးရေး-ဗဒင်
VERSE 1
သက်ပြင်းတွေ ထပ်ခါချ ဘယ်သူ့ကိုမှ
တိုင်ပင်မဖြစ်တဲ့ပြဿနာတွေ ရှိလာတဲ့အခါ
ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့တဲ့ အခြေအနေမျိုးမှာ
နံရံမှာ ကပ်ထားတဲ့ ကျမ်းချက်အပိုင်းအစတွေ
အကျဉ်းကြပ်ထဲမှာအား အကျဉ်းကြပ်ထဲမှာ အကျဉ်းကြပ်ထဲမှာ အား
VERSE 2
ကြောက်အားပို လက်တွေအေး ကိုယ်တစ်ယောက်တည်း
ရင်မဆိုင်ရဲတဲ့ ညအမှောင်မှာ ရှိနေတဲ့အခါ
အမေမိဘအကူအညီများ အလှမ်းဝေးတဲ့ နေရာမျိုးမှာ
ဆိုခဲ့ဖူးတဲ့ ဓမ္မတေးဟောင်းလေးတွေ
အကျဉ်းကြပ်ထဲမှာအား အကျဉ်းကြပ်ထဲမှာ အကျဉ်းကြပ်ထဲမှာ အား
VERSE 3
လမင်းကို တိမ်မည်းတွေဖုံး ဘဝအလယ်ထဲ
မျှော်လင့်မထားတဲ့ ပြဿနာတွေ ဗြုန်းဆိုရောက်လာ
ဘယ်သွားလို့ ဘယ်လာရမှန်း မသိတော့တဲ့ အချိန်အခါမျိုးမှာ
ငိုနေရင်းနဲ့ တောင်းတဲ့ဆုလေးတွေ
အကျဉ်းကြပ်ထဲမှာအား အကျဉ်းကြပ်ထဲမှာ အကျဉ်းကြပ်ထဲမှာ အား
CHORUS
ကိုယ်တော်ရဲ့အကြင်နာတရားဟာ ဘဝရဲ့အမှောင်ထဲမှာ
အားပဲပေါ့ အားပဲပေါ့ အားပဲပေါ့
နံရံမှာ ကပ်ထားတဲ့ ကျမ်းချက်အပိုင်းအစတွေ
ဆိုခဲ့ဖူးတဲ့ ဓမ္မတေးဟောင်းလေးတွေ
ငိုနေရင်းနဲ့ တောင်းတဲ့ဆုလေးတွေ
အကျဉ်းကြပ်ထဲမှာအား အကျဉ်းကြပ်ထဲမှာ အကျဉ်းကြပ်ထဲမှာ အား