နိုးသစ်စ လင်းရောင်ခြည်လည်း အာကာတခွင်ဖြာလွင်လို့နေ
လျှပ်စီးခွင်တစ်ခု လွှမ်းခြုံကာ ထွန်းလင်း
ရှင်းသန့်တဲ့ မိုးရေတွေလည် မြေပြင်ပေါ်အပြိုင် ရွာသွန်းလေ
လောကခွင်တစ်ခုလုံး စိမ်းလန်းသာယာ စိုပြေ
ကောင်းသောသူ မကောင်းသောသူ လူတိုင်းအပေါ်
ထာဝရဘုရားသည် မိုးရွာ နေပူစေ
မြေကြီးသားအားလုံးကို ညီမျှစွာ
ချစ်မေတ္တာ အကြင်နာပေးဝေ
လွတ်လပ်တဲ့ရွေးချယ်ခွင့်လည်း ကိုယ်စီမှာ ပိုင်ဆိုင်ကြတယ်
လမ်းမှားကိုပယ်လို့ လမ်းမှန်ကို ရွေးချယ်
စိတ်ညစ်လို့ ဘဝအဆင်မပြေလည်း အခြေအနေမှန်ကိုတွေ့မြင်
အကျင့်ပျက်ကို ပြင်လို့ တရားသောအရှင်ထံခိုဝင်