ကောင်းကင်ဘဏ္ဍာ (ဟေမာနေဝင်း)

Record Tracklist

  1. ကောင်းကင်ဘဏ္ဍာ (ဟေမာနေဝင်း) -:-- / 3:08

သံချေးပိုးဖျက်ဆီး သူခိုးထွင်းထောက်နိုင်တဲ့
မြေကြီးဘဏ္ဍာကို မဆည်းပူးနဲ့
ဒီအဆုံးမကိုသိ နာယူခဲ့ဖူးလည်း
လက်တွေ့လိုက်ရန် အားနည်း

ဘယ်တော့မှ မပျက်စီး မဆုံးရှုံးမပျောက်နိုင်တဲ့
ထက်ကောင်းကင်ဘဏ္ဍာ ဆည်းပူးမယ်
အစဉ်ပြောခဲ့သော်လည်း စိတ်မှာ မကြာမကြာမေ့ခဲ့
ဇာတိက လွှမ်းမိုးအနိုင်ယူဆဲ

အကြင်နေရာမှာ ဘဏ္ဍာများရှိနေရင်
စိတ်နှလုံးက ထိုနေရာမှာ ရောက်နေမယ်
ကမ္ဘာမြေလွှာဘဏ္ဍာထဲ ဆည်းပူးရင်
ကောင်းကင်နဲ့ ဝေးသထက်ဝေးမယ်

သခင်နှစ်ဦးရဲ့အစေကို တစ်ယောက်မျှမခံယူဘဲ
တတ်စွမ်းသလောက် ဘုရားအလို လိုက်လျှောက်မယ်
ထာဝရကောင်းကင်ဘုံ ဓမ္မသရဖူဆင်မြန်းလျက်
မဆုံးသော ဝမ်းမြောက်ဂုဏ်ယူဖွယ်

အချိန်ရှိလို့နေပါစေ မရှိလို့နေပါစေကွယ်
တရားနှုတ်ကပတ်တော် ဟောပြောမယ်
သေခြင်းတရားကို စောင့်ရှောက် နာယူခဲ့ဖူးလည်း
ဇာတိစိတ်က လွှမ်းမိုးအနိုင်ယူမယ်