အမြဲစိမ်းသစ်ပင်လို(ပိုးဒါလီသိန်းတန်)

Record Tracklist

  1. အမြဲစိမ်းသစ်ပင်လို(ပိုးဒါလီသိန်းတန်) -:-- / 4:27

(မတရားမှုပြုသူများတို့၏ တိုက်တွန်းခြင်းသို့မလိုက်
လူဆိုးတို့ စုရုံးသောလမ်းတွင် သွားရောက်ရပ်မနေနဲ့
မထီမဲ့မြင်ပြုသောသူတို့ ခေါ်သော
ထိုအစည်းအဝေး၌ မထိုင်ဘဲ
ဘုရား၏ တရားမြတ်၌ မွေ့လျော် ဆင်ခြင်တွေးခေါ်)၂

ကိုယ်ခန္ဓာ ခရစ်တော်၏ အသင်းတော်
ဆောက်လုပ်ခြင်း၌ အတူပါဝင်ကာ
ယုံသူတိုင်းမှာ ကြီးရင့်ကာ
ဘုန်းတန်ခိုးများနဲ့ ပြည့်ကာနေရာမှာ

(စီးဆင်းသော မြစ်အနီးအနား၌ စိုက်ပျိုးသော သစ်ပင်လို
အရွက်မညှိုးနွမ်းဘဲ အမြဲစိမ်းလန်း အချိန်အလေ့ကျအသီးဝေဆာ
ဆောင်ရွက်လေသမျှ အမှုတွေမှာ ဖြစ်ထွန်း
အမှန်ပင် အကျိုးတိုးပွား သခင်ဘုရားမြတ်၌
ရင့်ကျင်သော အသက်တာ ဖော်ဆောင်ရမှာ)၂