မြတ်သောစေတနာ

Record Tracklist

  1. မြတ်သောစေတနာ -:-- / 3:45

ကိုယ်တော်ညွှန်သောလမ်းဟာ ညီညာဖြောင့်ဖြူးတာ
ကျွန်ုပ်တို့အတွက် အကောင်းဆုံးသောလမ်းပါ
တစ်ညီတည်းဖြစ်လို့ လျှောက်လာ ယုံကြည်မှုများစွာ
ကျွန်ုပ်တို့တွက် ကောင်းကြီးပေးမူပါ

နေမင်းအလင်းတန်းများလို မေတ္တာတော်များစွာ
ကမ္ဘာမြေပြင် အနှံ့အပျံ့ စိုးမိုးတာ
ကိုယ်တော်ရဲ့အမှုကို အစဉ်သာ စောင့်ထိန်းကာ
သင့်စိတ်တွေ အေးငြိမ်းရစေမှာ

ကျွန်ုပ်အသက်ကို ကိုယ်တော်အတွက်သာ
မွေးဖွားကာ ရှင်သန်စေမှာ
ကျွန်ုပ်ဘဝကို ကိုယ်တော်အတွက်သာ
ပေးဆပ်ကာ ရှင်သန်စေခဲ့တာ

ရွှေရောင်လင်းတဲ့ကျမ်းစာ အရောင်မမှိန် အမြဲပါ
ခွန်အားသစ်များ ပေးဆပ်ခဲ့တာ
လူသားများအတွက်သာ ကယ်တင်နိုင်ဖို့ရာ
အားလုံးအတွက် မြတ်သောစေတနာ