ပြန်လည်ဆန်းစစ်ပါ

Record Tracklist

  1. ပြန်လည်ဆန်းစစ်ပါ -:-- / 4:42

ဒို့ရဲ့ စိတ်သဘောဟာ ဘယ်လိုလဲ
ကိုယ့်အကျိုးနဲ့ မကောင်းတာ ကြံစည်သလား
အတ္တစိတ်နဲ့ဆို အမှားတွေ လုပ်မိနေမှာပဲ
ဒို့ရဲ့စိတ်သဘော မထူးတာ အတူတူပဲ

ယေရှုရဲ့ စိတ်သဘောဟာ ဖြူစင်သည်
ချစ်ခြင်း သနားခြင်းနဲ့ အစဉ်သာပဲ
အတ္တစိတ်မရှိဘဲ အသက်ကိုပေးသွားရှာပြီပဲ
ယေရှုစိတ်သဘော ဒို့မှာ လိုပြီကွယ်

ပြန်လည်ဆန်းစစ်နော် ဒို့ရဲ့စိတ်နှလုံးကို
ယေရှုရှင်ဘုရားလို ဖြူစင်သန့်ရှင်းအောင်
ဖြူစင်သန့်ရှင်းသော စိတ်နှလုံးရှိခဲ့ရင်
ယေရှုရှင် သင့်ကို အမှန်တကယ် ချစ်မှာပဲ

ဒို့များ အပြစ်သားတွေဆိုပေမယ့်
အကောင်းဆုံး စိတ်သဘောနဲ့နေနိုင်တယ်
ချစ်ခြင်း သနားခြင်းနဲ့ ဒို့တတွေအားလုံးနေမယ်လေ
ငြိမ်သက် စိတ်သဘော ဒို့မှာ လိုပြီကွယ်