အမှတ်တမဲ့စကား-နန်းဇင်မာထွေး

Record Tracklist

  1. အမှတ်တမဲ့စကား-နန်းဇင်မာထွေး -:-- / 3:30

တေးရေး – စိုင်းခမ်းခေါင်

VERSE 1
စကားလေးတစ်ခွန်း အမှတ်တမဲ့ပြောမိချိန်
အို နှလုံးသားက ရိုးသားခြင်းတွေ
ဝမ်းနည်းခြင်း တစ်ခုတော့ရှိခဲ့ပြီ
အမှတ်တမဲ့စကား သူ့အတွက် ထိခိုက်စရာ

VERSE 2
ပျော်ရွှင်ခြင်း ရိုးသားခြင်းနဲ့အတူ
ခင်မင်မှုအတိုင်းတစ်ခု ရှိတတ်စမြဲ
ကျော်လွန်လို့ အမှတ်မဲ့စကားကြောင့်လေ
ပြောမယ့်စကား သတိထားပါလား

CHORUS
နှုတ်ကပတ်ကျမ်းစာမှာ ဆိုထားခဲ့
နှုတ်က လျှာအတွက် အသီးပါ
ဖြည်းညှင်းသောလျှာသည် အသက်ဖြစ်၍
ကြမ်းတမ်းသောလျှာမှာ စိတ်နာစေတတ်၏
နှလုံးသားမှာအစဉ်မြဲ သတိရှိဖို့ရန် မမေ့ပါနဲ့
စာတန်ဖို့ လက်နက် မဖြစ်စေနဲ့