မတည်မြဲခြင်း၏တစ်ဖက်၌-ဘွေမင်းလျန်

Record Tracklist

  1. မတည်မြဲခြင်း၏တစ်ဖက်၌-ဘွေမင်းလျန် -:-- / 4:43

တေးရေး – စိုင်းခမ်းခေါင်

VERSE 1
အကုန်ပြောင်းလဲတဲ့ခေတ်နဲ့ တည်မြဲမှုတွေ မရှိတဲ့
ယိုယွင်းမှုတွေအပြည့်နဲ့ ပျက်စီးမှုတွေ အဆက်မပြတ်
မတည်ငြိမ်တဲ့ဘဝနဲ့အသက်ဆက် ခက်ပေါ့ကွယ်

VERSE 2
လှည့်ဖြားမှုတွေအပြည့်နဲ့ ကမ္ဘာလောကမှ ရှုပ်ယှက်
ဇာတိသဘောတွေပြည့်နှက် အနိုင်ထက်မှုတွေကတစ်ဘက်
မတည်ငြိမ်တဲ့ဘဝနဲ့အသက်ဆက် ခက်ပေါ့ကွယ်

PRE-CHO
ပြောင်းလဲခြင်းရှိနေပေမယ့် မပြောင်းလဲတဲ့မေတ္တာတွေနဲ့
သူအစဉ်ရှိတယ် ဝန်လေး၍ နွမ်းနယ်သူများ
လှမ်းခဲ့ပေါ့ ချမ်းသာမှုတွေ သူပေးမယ်

CHORUS
ပြောင်းလဲသွားမယ့် သင့်ဘ၀ ဝမ်းမြောက်ခြင်းနဲ့လမ်းပြ
ရှုပ်ယှက်ခတ်တဲ့လောက မမှုဘူးကွယ်
နှောက်ယှက်ဖျက်ဆီးတတ်တဲ့ မာရ်နတ်ရဲ့ မီးစက်လက်နက်
ဒို့ရဲ့ဘဝအသက်တာမှာ မကြောက်ဘူးကွယ်
(မတည်မြဲတဲ့ကမ္ဘာကြီးအတွက် ပျက်စီးတော့မယ့်နေ့ရက်
နောက်ဆုံးသောအချိန်သင့်အတွက် နောင်တနဲ့သာလှမ်းခဲ့
မရေရာတဲ့မနက်ဖြန်မတွေးနဲ့ လှမ်းခဲ့ကွယ်)၂