တေးဆို – SNO
VERSE 1
မရေရာတဲ့ လမ်းခရီးမို့ သေချာတာ မရှိတော့လို့
လောကကြီးကိုများ မင်း စိတ်ပျက်နေလား မေးချင်တယ်
ဒါတွေဟာ ဖြစ်တတ်ပါတယ်
လူတိုင်း လူတိုင်းမှာ အားနည်းချက်တွေ ကိုယ်စီရှိတယ်
VERSE 2
ရင်ဆိုင်ရန် အားမရှိတော့လို့ အရာရာကို အရှုံးပေးလိုက်ဖို့
မင်းရဲ့ဘဝကိုများ မင်းဝမ်းနည်းနေလား ဖြစ်နိုင်တယ်
ရင်ဆိုင်ပါ တွေးမကြောက်ပါနဲ့ မင်း အားမငယ်ပါနဲ့
CHORUS
(ကြိုးစားလှော်ခတ်လိုက်ပါကွာ
လှိုင်းတံပိုးကြားက ဘဝရဲ့လှေငယ်
ကြိုးစားလှော်ခတ်လိုက်ပါလား
တစ်နေ့နေ့တော့ ရောက်ရမှာပဲ)၂
ဇွဲမလျှော့နဲ့