တေးရေး – မီးမီးခဲ
VERSE 1
ဆိုးမိုက်ခဲ့တဲ့ မိုက်ပြစ်များအတွက်
မျက်ရည်တွေနဲ့ တိတ်တဆိတ်ကြေကွဲ
ဘယ်သူက ငါ့ကို နှစ်သိမ့်ပေးမှာလဲ
သောကများ ချုပ်ငြိမ်းသွားချင်တယ်
မျှော်လင့်ချက်များ အရောင်တွေလွင့်ပြယ်
CHORUS
ဒီလို ဒုက္ခနွံထဲ ကျင်လည် အသက်ဆက်နေခဲ့
ပြင်မရတဲ့အမှားရဲ့ နောင်တကွယ်
မရှောင်နိုင်ဖိစီးမှုတွေထဲ သူရွေးလို့ကယ်ခဲ့
ပေးဆပ်ခြင်းတို့သခင်ရဲ့ ရင်ခွင်ထဲ
VERSE 2
အဆုံးသတ်မလှတဲ့ ဘဝရဲ့နောက်ကွယ်
ခရစ်တော်ရှင်က ကမ်းလင့်ကြိုခဲ့
မြင်တွေ့ခဲ့ သူဟာ အလင်းပေးမယ့်အရှင်ပဲ
အိပ်မက်များ သူလှပစေခဲ့
သခင်ပေးနေဆဲ စုံလင်အချစ်ပဲ