ချီးမွမ်းသင့်ပါတယ် – ချောစုခင်

Record Tracklist

  1. ချီးမွမ်းသင့်ပါတယ် – ချောစုခင် -:-- / 4:34

တေးရေး – သောမတ်(စ်)

VERSE 1
တစ်နေ့တာရဲ့ အစမှာပဲ ဘုရားသခင်က လမ်းပြလို့ စောင့်ထိန်းခဲ့
တွေ့ကြုံမယ့်အမှုတွေအတွက် ဘုရားရှင်ပဲ အားလုံးအတွက် တာဝန်ယူပေးမယ်
စားစရာနဲ့ဝတ်စရာအတွက် သောကများ ကင်းရှင်းသွားစေပါတယ်
နှိုင်းယှဉ်လို့ မရနိုင်တဲ့ ဂရုဏာတရား အပြည့်အဝပဲကွယ်

VERSE 2
ကိုယ့်ခွန်အား အစွမ်းတွေနဲ့ ကိုယ့်ရှေ့ရေးဘဝအတွက်တော့ မလုံခြုံတယ်
မိုက်မှောင်တဲ့လောကထဲ အလင်းမပါပဲလျှောက်လို့တော့ အန္တရာယ်တွေ့မယ်
ဘုရားရှင်ရဲ့လက်တော်ထဲ တစ်သက်တာလုံး ပေးအပ်လိုက်ချိန်မှာကွယ်
လေးလံတဲ့ သင့်အခက်အခဲ ဘုရားရှင်က ရှင်းလင်းပေးမယ်

CHORUS
အရာရာမှာ ကျေးဇူးတရားတွေနဲ့ ပြည့်နှက်လို့ ဖုံးလွှမ်းထားဆဲကွယ်
မကုန်နိုင်တဲ့ ကျေးဇူးတရားတွေအတွက် ရေတွက်ရင်း ချီးမွမ်းလိုက်ဦးကွယ်
ကယ်တင်ရှင် အသက်စွန့်ခဲ့တာလည်း အပြစ်ရှိတဲ့ ဒို့အားလုံးအတွက်ပဲ
ကရာနီမှာ အသွေးသွန်းခြင်းကြောင့်ပဲ ဒီလူသားအပြစ်လွတ်ခဲ့ပြီကွယ်
ဘုရားပြုပေးတဲ့ ကျေးဇူးတရားအတွက် အစဉ်ရေတွက်ဦးကွယ်
အသက်ဆုံးတဲ့ထိတိုင် ချီးမွမ်းသင့်ပါတယ်

VERSE 3
တစ်နေ့တာရဲ့အဆုံးတိုင်ပဲ ဘုရားရှင်ရဲ့ လမ်းပြမှုတွေအတွက်လည်း
ဆပ်မကုန်တဲ့ ဘုရားရှင်ရဲ့မေတ္တာအတွက် ချီးမွမ်းလို့ ပြန်ရေတွက်ဦးကွယ်
လောကီနဲ့ ခွဲခွါလည်း အသက်ထာဝရစိတ်ချမှု ကယ်တင်ပေးခဲ့
မထိုက်တန်တဲ့ ခရစ်တော်ရဲ့ ဖြောင့်မတ်ခြင်း ရရှိခဲ့