တစ်ဖက်သတ်အချစ်(ဟူးသဲ)

Record Tracklist

  1. တစ်ဖက်သတ်အချစ်(ဟူးသဲ) -:-- / -:--

တေးရး – စံပီး + မုန်မုန်

VERSE
တစ်ချိန်က အမှားရဲ့ပုံရိပ်များ ခံစားရချိန်မှာ
နှောင်းမှရတဲ့ အသုံးမကျ နောင်တတွေ
ဒီလောကရဲ့ အကြင်နာတရား မတည်မြဲလွန်းပါလား
ကိုယ်တိုင်အမှားနဲ့ ခြေချော်မိစဉ် စွန့်ပစ်ပြီ

PRE-CHO
လျှောက်ခဲ့တဲ့ အမှောင်ရဲ့လမ်းမှာ
အဆိုးဘဝတွေအဖော်ပြုရင်း
အိမ်ပြန်ရန် မေ့ထားတဲ့ လူသားအတွက်

CHORUS
သူဟာ ကြင်နာတတ်လွန်းသူ ငိုနေသူအတွက် အင်အားပေး
ဘယ်လိုအပြစ်မျိုးမဆို သူအမြဲပင် ခွင့်လွှတ်ခဲ့
လိုနေချိန်မှာ အစဉ်ရှိသူ ဘယ်လိုလူမဆို သူမရွေးဘူး
ငါလေ ဆိုးပေနေတုန်းကပင် ဦးစွာသူချစ်နှင့်တဲ့
တစ်ဖက်သတ်အချစ်