တည်နေမည့် ဂတိတော် – စော၀င်းလွင်

Record Tracklist

  1. တည်နေမည့် ဂတိတော် – စော၀င်းလွင် -:-- / 4:00

VERSE 1
ထားခဲ့တဲ့ သူ့ကတိတော်များ မိန့်မြွက်ခဲ့ သူ့စကားသံများ
သွားမယ့် တို့မနက်ဖြန်များ ပူပင်စရာ တကယ်မလိုတော့ဘူး

VERSE 2
ဝမ်းမြောက်ခြင်း ပြီးပြည့်စုံဖို့ တောက်လျှောက်ပို့ဆောင်လို့နေတယ်
ဝမ်းနည်းခြင်း ညည်းတွားသံများ စာနာသူ သခင်ထံတော်ပါး

CHORUS
တည်နေမယ့် သူ့ရဲ့ ကတိတော်များ
ယုံကြည်ပါ သူ့ရဲ့ သစ္စာတရား
အထံတော်မှာ ပြင်ဆင်ပါ စိတ်နှလုံး
မျှော်လင့်ချက် ရောင်ခြည်ထွန်းလင်းနိုင်မည်
အစဉ် ကိုးစား အသက်ရှင်ပါ

VERSE 3
စိမ်းလန်းသော ကျက်စားရာအရပ် စောင့်ထိန်းလို့ ပို့ဆောင်နေမှာ
လမ်းလွဲဖို့ အခွင့်မပေးပါဘူး ကြင်နာစွာ သူအစဉ်စောင်မ

(တည်စေမည် သူ့ကတိ မိန့်မြွက်ခဲ့ သူ့စကား
သွားရမယ့် ထိုမနက်ဖြန်
ဝမ်းမြောက်ခြင်း စုံလင်ဖို့ တောင်းလျှောက်ကြ အလိုတော်နှင့်
ညည်းတွားခြင်း မလိုတော့ပါ)