ပုံအပ်မယ်- ကဗျာဘွဲ့မှူး

Record Tracklist

  1. ပုံအပ်မယ်- ကဗျာဘွဲ့မှူး -:-- / 3:55

VERSE 1
တဖြည်းဖြည်းရွေ့သွား ကုန်ဆုံးခဲ့နေ့တွေ
လှည့်ကြည့်လိုက်တော့ ချီးမွမ်းမကုန်ပေ
အသစ်သော အသစ်သော ကောင်းကြီးတွေ ပြင်ဆင်ကာပေး

VERSE 2
ကြီးမားလွန်းတဲ့ သူ့ရဲ့မေတ္တာ
အေးမြလွန်းတဲ့ လောင်းရိပ်အောက်မှာ
ကျေးဇူးတရားများ ရေတွက်ရင်း အသက်ရှင်မယ်

CHORUS
မှားယွင်းမှုများ မရှိရလေအောင်
ဖြတ်သန်းမယ့် နေ့စွဲလေးတွေ
ကိုယ်တော်ရှင်ရဲ့ နှုတ်ကပတ်တော်အတိုင်းပဲ
အစဉ်လိုက်လျှောက်ကာရယ် သတိထား ရှေ့ဆက်ဖို့ကို
ဘဝအသက်တာတွေကိုလေ ပုံအပ်မယ်

VERSE 3
နေ့သစ်များအတွက် ချီးမွမ်းရင်းနဲ့
သခင့်အတွက်ပေးဆပ် ဆုကျေးဇူးတွေ
သက်ဆုံးတဲ့အထိ ကိုးစားအသက်ရှင်သွားမယ်