ထွန်းလင်းကြ- ရတနာဦး

Record Tracklist

  1. ထွန်းလင်းကြ- ရတနာဦး -:-- / 3:30

VERSE 1
ဝင်းမှည့်သော လယ်ပြင် စပါးခင်းလေးတွေ
ရိတ်သိမ်းမယ့်သူတွေ နည်းနေတော့
အချည်းနှီးမြေမှာ ကြွေမသွားစေရအောင်
တန်ဖိုးရှိတဲ့ အသီးတွေ ဖြစ်ဖို့အတွက်
လာကြ ဆင်းကြ တံစဉ်တွေကို နှင်းကြစို့လေ

VERSE 2
လောကရဲ့အမှောင်မှာ လျှောက်သွားသူများနေ
အလင်းပေးမယ့်သူတွေ နည်းနေတော့
အချည်းနှီးမြေမှာ အသက်မရှင်သွားစေရအောင်
တန်ဖိုးရှိတဲ့ လူသားတွေ ဖြစ်ဖို့အတွက်
လာကြ ဆင်းကြ အလင်းစကားတွေ လွှင့်ကြစို့လေ

CHORUS
ထာဝရဘုရား၏ နေ့ရက်သည် ရောက်လုနီးပြီ ယုံကြည်သူတွေ
သခင်မှာခဲ့သော မိန့်မြွက်စကားတွေ မေ့လျော့ပြီးတော့ မနေပါနဲ့
လာကြ ဆင်းကြ ထွန်းလင်းကြကွယ်
ယုံကြည်သူ သားသမီးတွေ