ယုံကြည်ခြင်းမျိုးစေ့ – မီမီဝင်းဖေ

Record Tracklist

  1. ယုံကြည်ခြင်းမျိုးစေ့ – မီမီဝင်းဖေ -:-- / 3:06

VERSE 1
ညရဲ့အမှောင်ထုထဲ တိမ်တိုက်များဖုံးပါစေ
ကြယ်ရောင်အလင်း မမြင်နိုင်ပျောက်သွားပါစေ
သန်းခေါင်ညပြီးဆုံးလို့ ရောင်နီသန်းမယ့်
နေ့အချိန်ရောက်မယ် ယုံခဲ့တယ်

CHORUS
ကမ္ဘာမြေရဲ့ အမြင့်ဆုံးကောင်းကင်
ပင်လယ် အနိမ့်ဆုံးကြမ်းပြင်ကို ရောက်သွားလည်း
ကိုယ့်ရင်ထဲက ဘုရားရှင်အကြောင်း အမြဲယုံတယ်

VERSE 2
ဒုက္ခပင်လယ်ထဲ မုန်တိုင်းများကျပါစေ
ကယ်သူဝေး အဖော်တွေ စွန့်သွားပါစေ
မုန်တိုင်းပြီးဆုံးလို့ လေပြည်ညှင်းလေး
ရောက်လာလိမ့်မယ် ယုံခဲ့တယ်

VERSE 3
ဘဝရဲ့ဒဏ်ရာအတွက် မျက်ဝန်းမှမျက်ရည်
နာကျင်သိပ်ကြွေကာ ပျက်စီးပါစေ
ငိုခြင်းပြီးဆုံးလို့ ဒဏ်ရာကင်းတဲ့
ဘဝကိုရောက်မယ် ယုံခဲ့တယ်