တေးရး – ဝိုင်ယာ
VERSE 1:
ခရစ်တော်ရဲ့စိတ်သဘောထားတွေကို လူသားတိုင်းစိတ်မှာ ထားရှိနိုင်ရင်
မကြင်နာတတ်တဲ့ စိတ်တွေ ဖယ်ရှားမယ်
ခရ်တော်ရဲ့အကျင့်တရားလေးတွေနဲ့ လေ့ကျင့်လာနိုင်ခဲ့ရင်
ရန်လိုတတ်တဲ့ လူ့ရဲ့သဘောမရှိလာနိုင်ဘူး
CHORUS:
တံတိုင်းကြီးများကို ချိုးဖျက်နိုင်ရင် စည်းခြားမှုတွေ ဝေးလွင့်စေမယ်
အငြိုးအတေးထားတဲ့ အမုန်းတရားစိတ် ဖယ်ရှားနိုင်မယ်ဆို
ဒီလောကကြီးလည်း ဘုရားရဲ့အလိုနဲ့ ငြိမ်းချမ်းမှုတွေ ပြည့်လို့နေမယ်
လှပလွန်းတဲ့ လောကသစ်ကို ဒို့တွေ အလှသစ်များဆင်မယ်
VERSE 2:
ဘုရားရှင်ရဲ့ချစ်ခြင်းမေတ္တာကို လက်တွေ့ခံစားမိရင်
သူပေးအပ်ထားတဲ့ ဒို့တာဝန်ကျေဖို့ကွယ်
ဘုရားရှင်ရဲ့ရည်မှန်းချက်တွေကို ပြီးပြည့်စုံစေဖို့ရန်
လူသားတိုင်း လက်တွဲ ဘုရားနိုင်ငံတည်မယ်