VERSE 1
သခင်ခရစ်တော်ယေရှုသည် ကောင်းကင်ဘုံသို့ မတက်ကြွမီ
သံလွင်တောင်ပေါ်မှာ တပည့်တော်များကို ခေါ်သည်
ထိုအစဉ် နှုတ်တော်ဖွင့်ဟလျက် နောက်ဆုံးမိန့်တော်မူသည်ကား
ငါသည် သင်တို့နှင့်အတူရှိမည် အမှန်ပါ
ထက်ကောင်းကင် အိမ်တော်တွင်
သင်တို့ဝင်စား သာယာသော အိမ်ဖြစ်သည်
မိဘမဲ့ဖြစ်စေခြင်းငှါ သင်တို့ကို မစွန့်ပစ်ပါ
ငါသည် သင်တို့နှင့်အတူ ရှိမည် အမှန်ပါ
ငါ၏ အဖအိမ်တော်တွင် နေရန် အခန်းများရှိသည်
သင်တို့အတွက် ငါပြင်ဆင်ရန် သွားရမည်
သို့မဟုတ်လျှင် မဟုတ်ကြောင်း ငါသည် မပြောဘဲမနေ
ငါသည် သင်တို့နှင့်အတူရှိမည် အမှန်ပါ
ကြုံဆုံနေ သတ္တဝါလူအပါင်းတို့အား ဧဝံဂေလိတရားကို
သင်တို့အချင်းချင်း လှည့်လည်ဟောပြောကြလော့
ယုံကြည်သောသူအပေါင်းတို့အား ငါ၏ နာမတော်မြတ်၌
သင်တို့ အချင်းချင်း နှစ်ခြင်းပေးကြလော့