မှိုင်းပြဝေသီတောင်တန်းဆီ-Fanny

Record Tracklist

  1. မှိုင်းပြဝေသီတောင်တန်းဆီ-Fanny -:-- / 4:49

VERSE 1
အို မှိုင်းပြပြတောင်တန်းပေါ် လူမျိုးစုများစွာ
ကယ်တင်ရှင်အကြောင်း မျှော်လင့်သူတွေရှိတယ်
အို ချစ်ရတဲ့သူငယ်ချင်းရယ် မြို့ပြရဲ့အရိပ်ကို
ခေါ်ထွက်ပြီး အမှုတော်ဆောင်ပါလား

VERSE 2
အို မှိုင်းပြပြတောင်တန်းက နွေးထွေးမှုများနဲ့
မျှော်လင့်ရင်း စောင့်လို့နေတယ်
အို သူတို့ရဲ့ ဝိညာဉ်လေးကို ဘုရားမြတ်က ချစ်လို့
ကယ်တင်ဖို့ စောင့်မျှော်နေတယ်ကွယ်

CHORUS
ကိုယ်တော်ပြန်ကြွရောက်ဖို့ အချိန်နီးပြီ
ငေးမောနေဆဲလား ကိုယ်တော်ရဲ့မျက်ရည် မကြွေစေနဲ့
လွန်ချိန်ကို နှောင်းအတိတ်မှာထားခဲ့ ရှေ့ဆက်လျှောက်မယ့်လမ်းမှာ
ဝိညာဉ်ဒေသနာ ဟောကြား ဖြန့်ဝေမလေ