ဆရာမသို့အလွမ်းပြေ-မဒီ

Record Tracklist

  1. ဆရာမသို့အလွမ်းပြေ-မဒီ -:-- / 3:03

VERSE 1
ခေါင်းလောင်းသံလေးများကြားရင် မေ့မရနိုင်ဘူး
ဆန်းဒေးစကူးမှာ ပြေးဆော့ကစား ပုံရိပ်တွေ
ကျောင်းတက်ခေါင်းလောင်းထိုးတဲ့အခါများမှာ
ထိပ်ဆုံးက ပြေးလွှားပြီး နေရာယူခဲ့ပုံတွေ

VERSE 2
အတန်းထဲရောက်လို့ အဖွင့်ဆုတောင်းဖို့ ခိုင်းလိုက်တာနဲ့
အတန်းနောက်ကို မြည်းကိုင်းလေးကို ပြေးကာ
ရှက်တတ်တဲ့ ကျွနု်ပ်အပြုအမူလေးကို
ဆရာမက ချော့မော့ပြီး သွန်သင်ပြပုံကို

CHORUS
ပြန်မြင်ယောင်ဆဲ စိတ်ထဲမှာ အမြဲလိုပဲ အောက်မေ့တယ်
အရောင်မပြယ်နိုင် ဒီဆန်းဒေးစကူး အတိတ်ပန်းချီကား
ဝိညာဉ်အစာကို တိုက်ကျွေးတဲ့ နှစ်လိုဘွယ် ဆရာမလေးရယ်
နောင်တစ်ချိန်မှာ ဆရာမဖြစ်ဖို့ ကြိုးစားမယ်

VERSE 3
ရက်လနှစ်တွေ ပြောင်းလဲသွားလို့ ကလေးဘဝကျော်သွား
မေ့မရတဲ့အကြောင်းတရားများ နောက်ချန်ထားကာ
ဘုရားရှင်အကြောင်း မသိသေးတဲ့သူများကို
ကယ်တင်ခြင်းအကြောင်းဟောကြားရင်း ထာဝစဉ် သက်သေခံမယ်