VERSE 1
ကျဉ်းသောလမ်းဆိုရင် လူတွေ လျှောက်လှမ်းဖို့အတွက် ရည်ရွယ်သူနည်းလွန်းတယ်
ဒီရဲ့လမ်းလေးက အလွန်ပင် ခက်ခဲလွန်းနေလို့
လွတ်လပ်မှုကို လူတွေနှစ်သက်ကြတယ် အရာရာဟာ တပ်မက်စရာ
ဒါကြောင့်လည်း ကျယ်တဲ့လမ်းမထက် လျှောက်ကာ လှမ်းကြတယ်
CHORUS
ဒီရဲ့လမ်းက ကျဉ်းသော်လည်း အဆုံးတော့ သရဖူ ထာဝရအသက်
ပျော်ရွှင်ခြင်း စုံလင် ငြိမ်းချမ်းမှုတွေနဲ့
အိမ်တော်နန်းထက် မြန်းစံရင်း ချွေးသိပ်ဖြေမယ် ထာဝရအတွက်
သောကခရီးတွေကို လွန်မြောက်သွားမယ့် ထိုတစ်ချိန်မှာ
(ဒုက္ခလမ်းတွေကို ကျော်ဖြတ်သွားမယ့် ထိုတစ်ချိန်မှာ)
VERSE 2
လမ်းမရဲ့အလယ်မှာ လူတွေလျှောက်လှမ်းကြလို့ အချိန်တွေသာ လွင့်မျောရင်းနဲ့
နာရီတွေလွန်ရင် အို အသင်နောက်ကျလို့နေမယ်
အဆုံးတော့ တွေ့နိုင်မယ် ဒီရဲ့လမ်းမကြီးဟာ ပူလောင်တဲ့ ငရဲမီးအိုင်
အချိန်မလွန်ခင် အလျင်အမြန်ပြောင်းလဲဖို့ ဆင်ခြင် ဆုံးဖြတ်လိုက်ပါ