လွဲမှားမှုများနောက်-မျိုးကြီး

Record Tracklist

  1. လွဲမှားမှုများနောက်-မျိုးကြီး -:-- / -:--

VERSE-1
ငိုသံတွေကို သင်ကြားလား ဆာလောင်မှုကြားမှာ
ဒုက္ခများပြည့်နဲ့လူ ဘဝတူချင်းမို့ ဖေးကူပါ
တုန်ရီကာ ငိုသံကြားမှာ လူမမယ်အရွယ် ကလေးများ
ခေါင်းပါးမေတ္တာမဲ့ ဒဏ်ချက် နှိပ်စက်ခဲ့ပြီလား
ကမ္ဘာမြေတည်စ ပျော်စရာဘဝများ အနှစ်မဲ့ပျောက်ဆုံးသွားရတော့မှာလား
အနိုင်အရှုံးက ဘဝအတွက် ဆုံးဖြတ်ချက်အဖြေလား ဖြေပါ

CHORUS 1
လုံခြုံမှုများ ပြိုယိုင်ခဲ့ပြီ တည်ငြိမ်မှုတွေ ဘယ်လို ရရှိနိုင်မလဲ
အနိုင်ယူလိုခြင်း ပြိုင်ဆိုင်နေမှုတွေ မာန်မာနအလယ် အဓိပ္ပါယ်တွေ လွဲခဲ့

VERSE 2
ရှေ့ဆက်ကြမယ့်ဘဝများစွာ အန္တရာယ်တွေကြားမှာ
ဆေးမရှိတဲ့အပြစ်တရား နှိပ်စက်ချက် အနာဂတ်တွေ အရောင်လွင့်ပြယ်
နွံမှာ ပျော်နေ ဒုစရိုက်အပြစ်သားတွေ ထင်မြင်ချက်နဲ့ အယူမှားတွေ
ရွက်လွင့်မယ့်လမ်းမှာ ကမ်းမမြင်ခဲ့ အသက်နဲ့ဘဝဟာ နေရာလွဲခဲ့
ကမ္ဘာမြေတည်စ ပျော်စရာဘဝများ အနှစ်မဲ့ပျောက်ဆုံးတော့မှာလား
ဦးနှောက်ကအသိနဲ့ ဆုံးဖြတ်တော့မှာလား ဆုံးဖြတ်ပြီလား

CHORUS 2
လုံခြုံမှုများ ပြိုယိုင်သွားခဲ့ ရှင်သန်ခြင်းထဲ ချစ်ခြင်းတရားများ ပျောက်ကွယ်နေ
စိတ်မှာကြေကွဲ ဆုံးရှုံးခြင်းတွေနဲ့ လမ်းဆုံးရမှာပဲ အဓိပ္ပါယ်တွေလွဲခဲ့

BRIDGE
သွေးသစ်များနဲ့ ဖေးမလို့ ကူလှည့်ပါ
လှည့်ဖြားခြင်းတစ်ဖက်ဘဝရဲ့ လွတ်မြောက်ရာ
အပြစ်မသိသေးတဲ့ သူတို့ရဲ့ မျက်ရည်ကြားမှာ
ကယ်တင်သူရယ် ဘယ်မှာ ရှာမတွေ့သေးပါ
စာနာသူရယ် ကူကာ ဂရုဏာပေးလှည့်ပါ သိမ်ငယ်သူများအတွက်

ENDING
လုံခြုံမှုများ မျှော်လင့်ရင်းနဲ့ ကြွေလွင့်သွားခဲ့ အုပ်ထိန်းခြင်းမဲ့ ဝိညာဉ်များ
သခင်ရဲ့ထံပါး နေရာများရှိပြီ ရင်ခွင်နန်းထက်ဆီ ရောက်သူ ကြိုနှင့်တော့ အို
ကြိုနှင့်ဦးတော့ နှစ်သိမ့်တော့ကွယ်

ယခင် ကျောက်ဆောင် စီးရီးမှ။