VERSE 1
အရုဏ်ဦးအချိန်ကလေးရဲ့ သာယာကြည်နူးမှုနဲ့
ငှက်ကလေးများရဲ့ ကြည်နူးတဲ့ သီချင်းသံတွေအတွက်
ရင်မှာလေ အရမ်းကို ဝမ်းမြောက်မိတယ်
ကိုယ်တော်ပေးထားတဲ့ အရာတွေအားလုံးအတွက်ကိုလေ
CHORUS
တကယ်အံ့သြစရာ သက်ရှိသက်မဲ့အရာများ
ရှူရှိုက်ရတဲ့ လေ နဲ့ အေးမြတဲ့ ရေ အတွက်
ကျေးဇူးတော်ချီးမွမ်း အမြဲတမ်း သီဆိုမယ်
ဘုရားပေးတဲ့ ဉာဏ်တွေနဲ့ ဘုရားပေးတဲ့ သံစဉ်တွေနဲ့လေ
VERSE 2
တခါတလေတော့ ဘဝမှာ အဆင်မပြေမှုများရှိရင်
ရွှင်လန်းတဲ့စိတ်တွေ အဝေးသို့ ရောက်ရှိတတ်တယ်
လူဆိုတော့ အမြဲတစေ မပြည့်စုံနိုင်ဘူးလေ
စိတ်ချမ်းမြေ့သွားအောင် ချီးမွမ်းသီချင်းဆိုမယ်