တေးရေး-စောဝင်းလွင်
VERSE 1
စွန့်ပစ်မထားပါဘူး ကယ်တင်ဖို့ ဆင်းကြွလာသူ
မျှော်လင့်ချက်မဲ့သူအတွက် ပေးဆပ်ခဲ့ပြီးပြီပဲ
မဆုံးသောမေတ္တာကို ခံယူ လက်ဆင့်ကမ်းဝေစို့
အို ဒို့နဲ့သက်ဆိုင်သူ ကူညီ အလင်းတရားရစေဖို့
CHORUS
ယုံကြည်သူ မီးပြတိုက်ငယ်များ (မီးပြတိုက်ငယ်)
အလင်းစ ဖြစ်စေပါ (အလင်းစဖြစ်စေ)
မှောင်နေတဲ့လောကရဲ့အလယ်မှာ (လောကကရဲ့အလယ်)
လမ်းစပျောက်သူများ (လမ်းစပျောက်နေသူ)
ကယ်တင်ရာ သင့်ရဲ့အလင်းအိမ်မီးအား (အလင်းစက်လင်းအောင်)
ထွန်းညှိ လိုက်ပါလား/ကျွမ်းလောင်ပေးပါ (ထွန်းညှိပေးပါ)
ကမ္ဘာမြေလောကသားများ ဝမ်းမြောက်ရစေရန် (လောကသားတွေ ဝမ်းမြောက်ကြစေ)
ကိုယ်တိုင် အလင်းတစ်စက် ဖြစ်ပါစေ
VERSE 2
ရဲရင့်ဖို့ရန်အတွက် ယုံကြည်ခြင်းအား တောင်းခံရင်း
နှိမ့်ချစိတ်ကိုမွေး ချစ်ခြင်းသဘောတွေနဲ့
အရှုံးများမရှိတော့ဘူး ကရာနီလမ်းက သက်သေမို့
အို လုံး၀ အပ်နှံရင်း ပေးဆပ်မျှဝေရင်း