စိတ်ချ – ငယ်ဆူး (OKARA))

Record Tracklist

  1. စိတ်ချ – ငယ်ဆူး (OKARA)) -:-- / 3:10

တေးရေး – သောမတ်(စ်)

စိတ်ချ ငါ ကွမ်းယာ ဆေးလိပ်ဖြတ်မယ်
စိတ်ချ ငါ့အပါးမှာ အများနဲ့မကဲပါ
စိတ်ချ ငါမင်းကို အဲလောက်ထိချစ်တာ
စိတ်ချ စမ်းပါ ငါ့ကိုနင်လေ
စိတ်ချ နင်လိုရာအတိုင်း ဖြစ်စေမယ်

စိတ်ချ ငါမနက်ဖြန် အရက်မသောက်တော့ပါ
စိတ်ချ ငါမကောင်းတာအားလုံးစွန့်မယ်
စိတ်ချ ငါမင်းကို အဲလောက်ထိချစ်တာ
စိတ်ချ စမ်းပါ ငါ့ကိုနင်လေ
စိတ်ချ နင်လိုရာအတိုင်း ဖြစ်စေမယ်

စိတ်ချ လိုသေးတာရှိရင်ပြောပါ
စိတ်ချ ငါနားထောင်လိုက်နာပါ့မယ်
စိတ်ချ ဟာကွက်တွေ မရှိစေရပါ
စိတ်ချ လက်ချ အားလုံးအတိကျ
(စိတ်ချလိုက်တော့)

စိတ်ချ ငါမနက်ဖြန် ဘုရားကျောင်းတက်မယ်
စိတ်ချ ငါတရားတော်လမ်းအတိုင်း လိုက်မယ်
စိတ်ချ ငါမင်းကို အဲလောက်ထိချစ်တာ
စိတ်ချ စမ်းပါ ငါ့ကိုနင်လေ
စိတ်ချ နင်လိုရာအတိုင်း ဖြစ်စေမယ်