မြင်တတ်ရင်ကျေးဇူးတင်မယ် – ရတနာဦး

Record Tracklist

  1. မြင်တတ်ရင်ကျေးဇူးတင်မယ် – ရတနာဦး -:-- / 4:11

တေးရေး – သောမတ်(စ်)

ပန်းကလေးတစ်ပွင့်ရဲ့ လှပမှုအတွက် လူတွေလူတွေ တင်စား ဖွဲ့နွှဲ့
ကဗျာတွေ စာတွေ တေးသီချင်းလေးတွေ
ကာရံရှင်တွေ ရေးသားစပ်ဆို ဒါပေမယ့်လည်း
ပန်းကလေးတစ်ပွင့်ရဲ့ လှပမှုအတွက်
ပိုင်ရှင် ဘယ်သူ ဖန်ဆင်းထားလဲ
ကဗျာတွေ စာတွေ တေးသီချင်းထဲမှာ
ကာရံရှင်တွေ ရေးသားချက်ကို ငါမမြင်မိဘူး မမြင်မိဘူး

မြင်လာသူတိုင်းအတွက် လောကရဲ့အလှမျိုးစုံ
ဖန်ဆင်းထားတဲ့ သခင်ကို ကျေးဇူးတင်မယ်
ဖန်ဆင်းထားတဲ့ သခင်ကို ကျေးဇူးတင်မယ်

အေးမြမှုရဲ့ အလင်းပေးသနားတဲ့ ငွေစန္ဒာကို တင်စားဖွဲ့နွှဲ့
ကဗျာတွေ စာတွေ တေးသီချင်းလေးတွေ
ကာရံရှင်တွေ ရေးသားစပ်ဆို ဒါပေမယ့်လည်း
အေးမြမှုရဲ့ အလင်းပေးသနားတဲ့ ငွေစန္ဒာကို ဖန်ဆင်းထားတဲ့
ပိုင်ရှင်ဘယ်သူဖြစ်တဲ့အကြောင်းကို
ကဗျာတွေ စာတွေ တေးသီချင်းထဲမှာ ငါမမြင်မိဘူး ငါမမြင်မိဘူး

တစ်လောလုံးရဲ့လှပမှုအတွက် ပိုင်ရှင်ဘယ်သူဖန်ဆင်းထားလဲ
အချိန်နာရီတွေ နေ့ရက်လတွေ ရာသီတွေရဲ့ နေ့နဲ့ညတွေ အချိန်မှန်နေဆဲ
အရင်းအမြစ်အစစ်ကို ဆန်းစစ်ကြည့်တော့ ပိုင်ရှင်အမှန်ပင် တကယ်ရှိခဲ့လို့
အစဉ်အလာတွေနဲ့ အဖြစ်အပျက်သဘောတွေ
မြင်လာလေအောင် စကားပြောလို့လေ အို ဒါကြောင့်လည်း ငါမြင်မိပြီ

မြင်လာသူ ငါ့အတွက် လောကရဲ့အလှမျိုးစုံ
ဖန်ဆင်းထားတဲ့ သခင်ကို ကျေးဇူးတင်တယ်
ဖန်ဆင်းထားတဲ့ သခင်ကို ကျေးဇူးတင်တယ်