စဉ်းစားပါ( ကဗျာဘွဲ့မှူး)

Record Tracklist

  1. စဉ်းစားပါ( ကဗျာဘွဲ့မှူး) -:-- / 2:37

CHORUS
ဒဏ်ရာ ကိုယ်တော်ရှင်ပေးသောဆုများဆိုရင် လက်ခံမလား
ဝေဒနာ ကိုယ်တော်ရှင်ကောင်းကြီးများပြောရင်
သင်သည် ငြင်းမှာလား

VERSE 1
ဘာတွေပဲလုပ်လုပ် ဘယ်ကိုပဲသွားသွား သတိပြုသင့်တယ်
ဘာတွေပဲတွေးတွေး ဘာကိုပဲပြောပြော စဉ်းစားဆင်ခြင်
သမ္မာတရားထဲမှ ကိုယ်တော်နှုတ်ထွက်စကားများ နှလုံးသားထဲမှာ
နာခံလိုက်နာရင် ခံယူတတ်ပါရင်
ကိုယ်တော်ရှင်နဲ့ နေရာကျနေမယ်

VERSE 2
ဘယ်ကိုပဲလျှောက်လျှောက် ဘယ်ကိုပဲရောက်ရောက် သတိပြုသင့်တယ်
ဘာကိုပဲတွေးတွေး ဘာတွေပဲဖြစ်ဖြစ် စဉ်းစားဆင်ခြင်
သမ္မာတရားထဲမှ ကိုယ်တော်နှုတ်ထွက်စကားများ နှလုံးသားထဲမှာ
နာခံလိုက်နာရင် ခံယူတတ်ပါရင်
ကိုယ်တော်ရှင်နဲ့ နေရာကျနေမယ်