လက်ခံပါ (ရတနာဦး)

Record Tracklist

  1. လက်ခံပါ (ရတနာဦး) -:-- / 4:04

VERSE 1
စိတ်ထားများပြုပြင်ကာ စိတ်နှလုံးတံခါးဖွင့်၍ထား
ကိုယ်တော်ရပ်နေ ခိုလှုံခွင့်ပေးလိုက်ပါလား
ကယ်တင်မယ့်သူ ခွင့်လွှတ်ခြင်းနဲ့ ခေါ်နေတယ်

VERSE 2
လမ်းများ မှားယွင်းနေလား လမ်းဟောင်းများ ဆက်လျှောက်လို့နေလား
မှားရင်း မှားကာ နေမဝင်သေးတဲ့ ဘ၀ အချိန်မှာ
ကြင်နာခြင်းဖြင့် ကမ်းသည့်လက်ကို ကြိုဆိုပါ

CHORUS
ခန္ဓာ စိတ် ဝိညာဉ် ကိုယ်တော့်ထံ အပ်နှံ
ခန္ဓာ စိတ် ဝိညာဉ် ကိုယ်တော့်ထံ အပ်နှံ
ယုံကြည်ပါ ငြိမ်းချမ်းရစေမှာ
ဘုရားမြတ် ဦးထိပ်ထားကာ သောကများအားလုံးကို
ပုံအပ်ထား ပြုပြုမှာ
သန့်ရှင်းသောဝိညာဉ်သည် အစဉ် လမ်းပြရှင်

VERSE 3
ဝန်ထုပ်များချ၍ထား စိတ်နှလုံး လွတ်မြောက်ရန်အတွက်
ခြေတော်ရင်းမှာ ခိုလှုံခွင့်အား တောင်းခံပါ
ငြိမ်သက်ခြင်းအရှင် ခွင့်လွှတ်ခြင်းနဲ့ ခေါ်နေတယ်