VERSE 1
ဝေဟင်ပျံ အမြင့်က ငှက်တွေဟာ အပေါ်မှာ ရယ်မောနိုင်မယ်
ဒါပေမယ့် သင့်ရဲ့ခေါင်းပေါ်မှာ သူအိမ်မဖွဲ့နိုင်ပါ
သမ္မာသတိများ ရှိစေပါ ကိုယ်တော်ဘုရားသား ဖြစ်နေမှာ
ယုံကြည်သူများ ကိုယ်တော်ထံပါး အမွေစားအမွေခံ
VERSE 2
စာတန်နတ်ဆိုးရဲ့သွေးဆောင်ချိန်နာရီလျော့နည်းပြီမို့
ယုံသူမှာ အားနည်းချက်ကိုရှာ ပြိုယိုင်ပျက်စီးစေဖို့
လိုချင်သမျှနဲ့ သွေးဆောင်မယ် ခန္ဓာအသက်ပျက်စီးစေမယ်
သင်သတိထား စာတန်အသိုက်များ ရင်မှာရစ်ဖွဲ့ခြင်းမခံနဲ့
CHORUS
(အဆိုးဆုံး သင့်ရဲ့ဝိညာဉ် ဖျက်ဆီးမယ့်သူကို ဂရုစိုက်
စိတ်ရဲ့တပ်မက်မှု လွန်ကျူးခြင်းများကို ဖယ်ရှားလိုက်
လမ်းပြပေးနိုင်တဲ့သူ သင့်ရဲ့ရှေ့မှာ ထာဝရမို့
ဘဝတစ်ခုလုံးကို ပေးအပ်ထား)၂