VERSE 1
ကိုယ့်ရဲ့ဘ၀ ဟိုတစ်ချိန်တုန်းကဆို စည်းတစ်ဖက်အစွန်းရောက်လို့နေတယ်
အဝေးဆုံးကနေ အနီးဆုံးရောက်အောင် အချစ်အတွက် စွန့်စားမှုတွေနဲ့
ဒါဟာ လိမ္မာခြင်းတစ်ခုလား ရူးသွပ်ခြင်းတစ်ခုလား
အဆုံးအဖြတ် လုံး၀ မပေးနိုင်ခဲ့
VERSE 2
တဖြည်းဖြည်းနဲ့ ကိုယ်တိုင်သဘောပေါက်လာ လောကကြီးရဲ့အချစ်တွေအကြောင်း
ပေးဆပ်ခြင်းထက် အတ္တစိတ်နဲ့ ကိုယ့်အတွက် တစ်ဖက်သတ်ရယူခြင်း
ဒါဟာ မှန်ကန်ခြင်းတစ်ခုလား မှားယွင်းခြင်းတစ်ခုလား
သခင့်ရဲ့ အချစ်နဲ့ နှိုင်းယှဉ်
CHORUS
အချစ် အချစ် အချစ် လူတွေ ပြောတဲ့အချစ်
အချစ် အချစ် အချစ် လူတွေ သုံးတဲ့အချစ်
မမှီနိုင်ပါ လူတွေပြောတဲ့အချစ်တွေဟာ ကိုယ်တော်ရဲ့မေတ္တာကို
မယှဉ်နိုင်ပါ လူတွေသုံးတဲ့အချစ်တွေဟာ ကိုယ်တော်ရဲ့မေတ္တာကို