တေးရး – ဆူးလေး
VERSE 1:
ကုန်လွန်သွားခဲ့တဲ့ အချိန်တွေများ
နောက်ထပ် ပြန်မရတော့
အချိန်လှည့်ပတ်နေဦးမလား
ခိုင်မြဲခြင်း တည်မြဲခြင်း ရရှိနိုင်ဖို့ ကြိုးစား
CHORUS:
မနေ့ကအတွက်ဆို ထပ်မစဉ်းစားနဲ့
မနက်ဖြန်အတွက်ဆို ခေါင်းထဲမှာ
အတိတ်ကအကြောင်းတွေ ထပ်မစဉ်းစားနဲ့
အနာဂတ်အတွက်ဆို ပူစရာလား
ဒါတွေဒါတွေ မစဉ်းစားနဲ့
ကိုယ်တော်ရှင်ထံ အပ်နှံထား
VERSE 2:
ကိုယ်ခံစားရ ဆုကျေးဇူးရေတွက်လို့ မကုန်ဆုံးတော့
ပူပင်စရာများ မလိုတော့ဘူး
အစဉ်အမြဲပဲ ကြည့်ရှုနေ
စောင်မလို့ အစဉ်အမြဲမို့ ရေး