တေးရး – ဆူးလေး
VERSE 1:
စိတ်လိုအင်တွေနဲ့ ကိုယ်ထင်ရာ လျှောက်လှမ်းကာ
အားနည်းမောပန်းကာရယ် ဖေးမသူလိုနေရင်
ကိုယ်တော်ကိုသာ တောင်းလျှောက်မူပါ
အပြစ်ဒုစရိုက်တွေကို ခင်မင်စွာ အဖော်ပြုလာ
လောကရဲ့အမှောင်တွေထဲ အလင်းတရားကိုရှောင်ဖယ်ကာ
အပြစ်တရားရဲ့ အပြစ်ကျေးကျွန်ပဲ
CHORUS:
နောင်တတရားတွေနဲ့ ကိုယ်တော်ရဲ့ခြေတော်ထဲ
မထိုက်သင့်မထိုက်တန် ပြန်လာဖို့ တောင်းလျှောက်သံ
အပြစ်သားလေး ကျွန်ုပ်ကို ခွင့်လွှတ်မူပါ
VERSE 2:
ဘဝခရီးတစ်လျှောက်မှာလေ ဝိညာဉ်တော်ပါရှိရန်
သခင်ဘုရားရဲ့ ရင်ခွင်ထဲ ချဉ်းကပ်ပါ အိုလူသား
အချိန်နာရီရှိခိုက်မှာလေ
သခင့်အကြင်နာနှလုံးသား ဖြူစင်ကာ သန့်ရှင်းစွာ
ကြည်လင်သော အသက်စမ်းရေကို ပေးနေတာ ကိုယ်တော်ပါ
လိုနေသမျှ တောင်းလျှောက်မူပါ