တေးရေး – အောင်ဝင်းစော
တေးဆို – ယဉ်မင်းထိုက်
VERSE 1
ရက်စက်တယ် သိပ်ရက်စက်တယ်
အကြင်နာကင်း အသိဉာဏ်ကင်းလှချည်လား
တံတွေးနဲ့ ထွေးကြလို့ လက်သီးနဲ့ထိုးကြတယ်
သံမှိုများ လက်ခြေနှစ်ဖက် ရိုက်ကာထား
VERSE 2
လှံသွားထက်က သွေးစီးကြောင်းဟာ
နံဘေးထက်မှာ စီးထွက်ကာသွား
မခမ်းတဲ့သူ့မေတ္တာ ရေတွက်လို့မရတော့ပါ
အကြင်နာများ တစစီ စီးစိမ့်ဝင်သွား
CHORUS
အမုန်းကြားက သူ့ခမျာမှာ မကြည့်ရက်မရှုရက်စရာ
အကျွနု်ပ်မိုက်ပြစ်ကို ဆေးဖို့ မမြင်ရက် အဖြစ်တွေကြား
အပြစ်သားကျွန်ုပ်အပြစ်တွေအတွက် အသေခံသူ့ရဲ့မေတ္တာလေး
ရင်ထဲ နင့်စရာ အဖြစ်အပျက်တွေပဲ