သင်္ချိုင်းဓါးပြ – ဘိုဘို

Record Tracklist

  1. သင်္ချိုင်းဓါးပြ – ဘိုဘို -:-- / 3:36

သေမင်းရဲ့အရိပ်လွှမ်းမိုးရာ ချိုင့်ဝှမ်းသို့ ငါသည်လျှောက်သွားရသော်လည်း
စိုးရွံ့ခြင်းမရှိ ကြောက်ရွံ့ခြင်းမရှိ
သေခြင်းတရားကို သေမင်းလက်က လုခဲ့ပြီပဲ အို

စုံစမ်းခြင်းများ ငါ့ဘဝမှာ ရောက်ရှိသော်လည်း ငါသည်မမှုတော့ပြီပဲ
ဝမ်းနည်းခြင်းမရှိ ငိုကြွေးခြင်းမရှိ
သေခြင်းတရားကို အသွေးနဲ့ ရွေးခဲ့ပြီပဲ အို

(ဝမ်းမြောက်ခြင်းရှိကြ ငြိမ်သက်ခြင်းရှိကြလော့
သင်္ချိုင်းတွင်းက ဒို့ရဲ့သခင် ထမြောက်ပြီ)၂

သမုဒ္ဒရာရေသည် လှိုင်းသို့ထန်၍ မွှေနှောက်ပါစေ ငါသည်မမှုတော့ပြီပဲ
လှိုင်းတံပိုးထန် တောင်များလှုပ်ပါစေ
သန့်ရှင်းခြင်းနဲ့ ရွှင်လန်းဖို့ မြစ်တစ်မြစ်ရှိသေး၏ အို

စီးသောမြစ်ရဲ့ တစ်ခြားတစ်ဘက်မှာ သန့်ရှင်းရာမြို့ရှိ
မြစ်ရေသည် စီး၍ ရွှင်လန်းစေမည်
တုန်လှုပ်ခြင်းမရှိရာ မိုးသောက်လင်းစ၌ သခင်ကူမမူမည်