မရှိမဖြစ်- ညီပုလေး

Record Tracklist

  1. မရှိမဖြစ်- ညီပုလေး -:-- / 3:58

လှိုင်းတံပိုးကြား အန္တရာယ်များ ဘယ်လောက်ပဲရိုက်ခတ်ပါစေ
မုန်တိုင်းများ သေလုမျောပါး ပြင်းထန်နေလည်း
ကိုယ့်အစွမ်း ဉာဏ်အစွမ်း နံဘေးမှာ ချထားပါ
ကိုယ်ခန္ဓာ စိတ် ဝိညာဉ်များ ကိုယ်တော်အား အပ်နှံထား

ဒုက္ခမုန်တိုင်း သောကရေလှိုင်း ဘယ်လိုပဲကြမ်းတမ်းပါစေ
ပူဆွေးမှုများ နာကျည်းမှုများ ပြည့်လျှံနေလည်း
သခင့်အား သင့်အပါး အနီးအနားမှာထားပါ
ကိုယ်တော်သာ အောင်မြင်ခြင်း ငြိမ်သက်ခြင်း အရှင်ဘုရား

လူသားများ စွမ်းအား ကိုယ့်ခွန်အား မှီခိုသူ
ရုန်းကန်ရင်း ကြိုးစားရင်း နစ်မွန်းဆုံးရှုံးမယ်
လူသားများ ကြံစည်၍ မမှီနိုင်သော တန်ခိုးရှင်
ကိုယ်တော့်ကို အချိန်ရှိတုန်း အားကိုးပါ