သံမှိုခွင်းတဲ့လက် – စည်သူလွင်

Record Tracklist

  1. သံမှိုခွင်းတဲ့လက် – စည်သူလွင် -:-- / 3:23

အခြေအနေတွေ အချိန်အခါတွေ ဘယ်လောက်ပဲဆိုးလို့နေလည်း
နေရာတကာ လူတိုင်းအတွက် သူအမြဲရှိတယ်
စေတနာအမှန် ကူညီဖို့ အမြဲပဲ စောင့်နေတယ်
ကိုယ်တော်ကို ခေါ်ဖိတ်သည့်အခါခါတိုင်းမှာ

အန္တရာယ်တွေ အပူပင်တွေ ဘယ်လောက်ပဲရှိလို့နေပါစေ
ကိုယ်တော်ဟာ သင့်အနီးအပါးမှာအမြဲရှိတယ်
ယုံကြည်စွာ ကိုယ်တော်အား ပေးအပ်ခဲ့ရင်လေ
ကူညီတယ် ဆုတောင်းတဲ့အခါခါတိုင်းမှာ

သံမှိုခွင်းတဲ့လက်အစုံများ နေရာအနှံ့အပြားစောင့်ရှောက်ထား
လုံခြုံခြင်းအပြည့် စိတ်ချခြင်းအပြည့် ငြိမ်သက်ခြင်းများ
ကြီးမားဂရုဏာမေတ္တာ အခြေအနေမဲ့တဲ့အခါ
ကူညီဖေးမ ပွေ့ချီပေးတာ
ကျေးဇူးတရားများ ချီးမွမ်းမဆုံးပါ