ထာဝရချီးမွမ်းသီချင်းဆို-စံပီး

Record Tracklist

  1. ထာဝရချီးမွမ်းသီချင်းဆို-စံပီး -:-- / 4:09

VERSE 1
ဒုက္ခများနဲ့ အိပ်စက်ရတဲ့ ကမ္ဘာကြီးထဲမှာ
နှစ်နှစ်ခြိုက်ခြိုက်အိပ်ခွင့်ရတဲ့ အခွင့်အရေးများ
ဘယ်သူပေးတာလဲ စဉ်းစား
ခဲယဉ်းဆိုးယုတ် ညည်းတွားကြတဲ့ လူများထဲမှာ
အေးအေးချမ်းချမ်းနားခွင့်ရတဲ့ ဘဝလေးအား
ဘယ်သူပေးခဲ့လဲ စဉ်းစား

CHORUS
ပူပင်စရာတွေတစ်ခုမှ အနားနားမရှိဘူး
လိုချင်တာတွေဆိုရင် အမြဲတမ်း ပြည့်စုံ
ပြန်လည်ဆင်ခြင်မယ်ဆို မမေ့သင့်ပါဘူး
ကယ်တင်ပိုင်ရှင် ကိုယ်တော်ကျေးဇူးအပေါင်းကို
နေ့စဉ်ရေတွက်ရင်း အမြဲလို အောက်မေ့လို့
ထာဝရချီးမွမ်းသီချင်းဆို

VERSE 2
မောမောပန်းပန်း လှမ်းလျှောက်ရတဲ့ ဘဝများထဲက
အို ယုယုယယ ထွေးပိုက်ထားရင်း သူလမ်းပြ
ကယ်တင်ခဲ့တာပဲ ဒို့ဘဝ
အရေးကြီးဆုံးသော ဒို့အတွက် ထာဝရအသက်ကို
ရက်ရက်ရောရော အသက်စွန့် သူပေးခဲ့ပြီ
အဂ္ဂါပယ်မေတ္တာနဲ့ နှလုံးသား