VERSE
အတွေးတွေ ကိုယ်စီ လှပစွာရယ် မိုးမျက်နှာပြင်ထက်
လှိုင်းလေတွေလို ရိုက်ခတ်သံရယ် ကြားမိသူ ရင်အေးဖွယ်
လေညှင်းများပမာ ပြေးလွှားကာ နေရာအနှံ့ကို ပို့ဆောင်တယ်
လူသားကောင်းကျိုးအတွက် ဖြည့်ဆည်းကာ အလှဆင်မြန်းတယ်
PRE-CHO
စိုပြေလွန်းတယ်တအား မြင်လာ အသီးအပွင့်များ
ဝိညာဉ်တန်ခိုး အရှိန်မြင့်တက်လာ
ဝေနေယျလူများ သံတော်ကြားထင်ရှား
ကိုယ်တော်ဘုရားရှင် ဆိုမိန့်ထား
CHORUS
အလင်းပေးပါ ဒီကမ္ဘာရဲ့အလင်း ဖြစ်စေသား
ဆားလို အငန်အရသာ တည်စေပါ
လူအများရှေ့မှာ သက်သေ ငါ့ရဲ့ဖြောင့်မတ်ခြင်းတရား
ဒီမြေစွန်းတိုင် သွန်သင်ပါ ပြုစုပါ