VERSE 1
ဟိုးဝေးကို ထွက်ခွာသွားချင် ခြေလှမ်းတွေ
တိတ်ဆိတ်ရာ လူသူအလှမ်းဝေး ဘဝဆီ
အတိတ်ဟောင်းတွေမြင်လာတော့ အသစ်တွေမချိုမြိန်တော့
အနိုင်ပိုင်းမှုတွေ ဖြစ်စဉ် ကမ္ဘာကြီးထဲ
VERSE 2
(ရင့်သီးစွာ ပြင်းထန် ချိုးနှိမ်တဲ့စကားများ
အားနည်းသူ ထာဝစဉ် အရှုံးရဲ့သားကောင်
ကံကြောင်းရယ်ခေလေတော့ အငြိုးရယ်မပြေနိုင်တော့
မှန်သွားအရိပ်မှာ ဝိုးတဝါးထင်ကျန်ဆဲ)
လူလူချင်းပဲ တန်ဖိုးထားကြပါ ကွာဟချက်တွေအားလုံး
(– ကွက်လပ်ဖြည့်လိုက်ပါလား –)
(သူငါအသွေးအသား ကိုယ်စီရှိကြပါလျက်နဲ့
သူက မြင့်မြတ် ငါက နိမ့်ကျ
ဘာကြောင့် ခွဲခြားသတ်မှတ်နေလဲ)
စဉ်းစားကြည့်ပါလား တွေးကြည့် အဖြေညှိရင်
ဒို့တတွေတူညီတာ
(– အခြေအနေမှန် တန်းတူထား –)