VERSE 1
ဘဝရဲ့ဒုက္ခတွေ ရိုးသားခြင်းမဲ့စွာ
လောကကြီးထဲ အမြဲတမ်း ကြုံတွေ့မယ်
ဘဝကို ရုန်းစေဖို့ ဘဝကို ရပ်စေဖို့
အရိပ်လို နေ့နေ့ညည နှောက်ယှက်နေတယ်
VERSE 2
စိတ်ပျက်ခြင်းများစွာ စိတ်ရှုပ်ခြင်းများစွာ
ပေးပေးပြီးတော့ အမြဲတမ်းအနိုင်ပိုင်းမယ်
လေးလံသောဝန်များ အပြစ်နွံနက်အိုင်ထဲ
အဆိပ်လို ရူးသွပ်ပြီးရင်း ရူးသွပ်စေတယ်
CHORUS
အရှုံးပေးခြင်းနဲ့ ဝမ်းနည်းစွာ ငိုကြွေးနေမလား
မိတ်ဆွေ လွတ်မြောက်ရမယ့် လမ်းလေးကို တွေ့မြင်
မျက်စိမှိတ်ပြီး စိတ်ချစွာ ပုံအပ်ပါတော့
တန်ခိုးရှင်ယေရှုခရစ်တော်အား
VERSE 3
ဘဝရဲ့ဒုက္ခတွေ အားလုံးငြိမ်းသွားအောင်
အသက်စွန့်ပေးအပ်ခဲ့ ယေရှုရှင်
ဘဝတွေလှစေဖို့ ဘဝတွေ ကျန်းမာဖို့
မေတ္တာကျေးဇူးသက်သက် ရွေးနှုတ်လေပြီ