VERSE
အိပ်မရတဲ့ညတိုင်းမှာ ချော့သိပ်တဲ့
အမေ့ရဲ့အသံတွေ ကြားယောင်ဆဲပါ
မှားရင်ရိုက်တဲ့ အမေ့ရဲ့လက်တွေ
အခုတော့မရှိဘူး အဝေးဆုံးရဲ့အဝေးမှာ ဘဝတွေခြား
PRE-CHO
သတိရတိုင်း အမေ့ကို တမ်းတရင်း
အမေ့ရဲ့ ကျမ်းစာအုပ်ကို နေ့တိုင်းဖတ်လို့
CHORUS
ပြန်ဆုံချင်ပါပြီ
ခွဲခဲ့ရနေ့ရက်များ လွမ်းရတဲ့နေ့များ ရှည်ကြာလွန်းနေပြီ
ပြန်ဆုံရန် အချိန်မှ
ကြွေလည်းမရ ဝေလည်းမရ
စက္ကန့်တိုင်းမှာ ဘယ်လိုမှ မေ့မရ
ENDING
အမေရယ် သတိရတိုင်း
အမေရယ် အမှတ်ရတိုင်း
ကျွန်တော်လေ တစ်ယောက်တည်း အထီးကျန်လွန်း(နေပြီ)