အမှတ်တရပေးစာ (ညီပုလေး)

Record Tracklist

  1. အမှတ်တရပေးစာ (ညီပုလေး) -:-- / 3:07

VERSE 1
ဟေ့စာတန် အတိတ်ကပြောခဲ့တဲ့ မင်းရဲ့စကားတို့ကို ငါမယုံတော့ဘူး
ငါမိဘများမျက်ရည် ကျရအောင် မင်းငါ့ကို သွေးဆောင်ဖြားယောင်းတာ ငါမကျေနပ်ဘူး
စွဲဆောင်ခြင်းအပြည့်နဲ့ စာတန်နတ်ဆိုး အပြုံးလေးရယ်

VERSE 2
ညအိပ်ရင် မျက်နှာကျက်မှာ မင်းမျက်နှာလေးပဲ မင်းအရိပ်ရောင်လေးပဲ မြင်မြင်နေတယ်
မင်းသံလေးများ မင်းဆံပင်လေးများ မင်းရဲ့နှုတ်ခမ်းလေး မြင်မြင်နေတယ်
စွဲဆောင်ခြင်းအပြည့်နဲ့ စာတန်နတ်ဆိုးအပြုံးလေးရယ်

CHORUS
မထင်မှတ်တဲ့နေ့တစ်နေ့မှာ ကိုယ်တော်ရှင်က ငါ့ကို ပြောင်းလဲစေခဲ့
သခင်ယေရှုအသွေးနဲ့ ဖြူစင်စေအောင် ဆေးကြောခဲ့ပြီးပြီ

VERSE 3
အသက်တာအသစ်ရောက်မှ အသက်တာအဟောင်းကနေ မင်းကလှမ်းလှမ်းလာ မြူဆွယ်ချင်နေပြီ
ဘုရားရှင်ပေးထားတဲ့ ငါ့ရဲ့ အသွေးအသားနဲ့ ငါ့ရဲ့ အသဲနှလုံးကို ပြန်လိုချင်နေပြီ
ငါ့နောက်ကို ဆုတ်လိုက်ပါ စာတန်နတ်ဆိုးသမီးပျိုလေး စာတန်နတ်ဆိုးသမီးပျိုလေး

VERSE 4
ညအိပ်ရင် မျက်နှာကျက်မှာ မင်းမျက်နှာလေးပဲ မင်းအရိပ်ရောင်လေးပဲ မြင်မြင်နေတယ်
မင်းသင်ပေးခဲ့တဲ့ စီးကရက်လေးရှိုက်ကာ မူးယစ်သောအရက်တွေ ခေါင်းထဲမှာ ရီဝေ
ဆွဲဆောင်မှုအပြည့်နဲ့ စာတန်နတ်ဆိုးအပြုံးလေးရယ် စာတန်နတ်ဆိုးအပြုံးတွေပဲ

စာတန်နတ်ဆိုးသမီးပျိုလေးအကြောင်း