တပည့်တောစစ်(တူးတူး)

Record Tracklist

  1. တပည့်တောစစ်(တူးတူး) -:-- / 3:45

လိုအင်ဆန္ဒများ စွန့်ကာရယ်
ကိုယ်တော်ရှင်နောက်သို့ လိုက်ရန်ရွယ်
ယုံကြည်စွာ မျှော်လင့်ခြင်းမြဲခိုင်
ရှင်သခင်ယေရှုပေးသော ကားတိုင် ထမ်းပါမယ်

ကိုယ်ကိုယ်ကိုငြင်းလို့ သခင့်အလိုပဲ
ဝန်ခံကာ ဂတိပြု စိတ်မှာစွဲ
ရင်ဆိုင်စရာ စုံစမ်းခြင်း မီးတိုင်
အနာခံရာ ကြေကွဲခြင်း ဂယက်လှိုင်း ဖြတ်ကျော်မယ်

မဟာစေစားချက် မိန့်မှာချက်
လူမျိုးတကာ ဘုရားတပည့်ဖြစ်လျက်
ခမည်းတော် သားတော် ဝိညာဉ်တော်နာမ၌
ဗတ္တိဇံကို ပေးအပ်လိုက်

ကိုယ်တော်ရှင် လမ်းပြပို့ဆောင်မယ်
ဤကမ္ဘာကုန်ဆုံးသွားသည့်တိုင်ဝယ်
ယုံကြည်သူ သမီးသားများနဲ့အတူ
အရှင်သခင် ထာဝရရှိမည်ဟု မိန့်တော်မူ

ဝိညာဉ်တော်အသီးများ သီးကာရယ်
ကိုယ်တော်ရှင်ဘုန်း ထွန်းလင်းစေမယ်
ထာဝစဉ် ဒေသနာတရား၌ ရပ်တည်
ကယ်တင်ရှင်တပည့်စစ် အဆုံးတိုင်ရည်

(ဝိညာဉ်တော်အသီးများ သီးကာရယ်)