ထာ၀ရတိုင် – စော၀င်းလွင်

Record Tracklist

  1. ထာ၀ရတိုင် – စော၀င်းလွင် -:-- / 3:21

VERSE 1
ငယ်ရွယ်အချိန်ကစ ယနေ့ထိတိုင် ပို့ဆောင်လမ်းပြလို့နေတယ်
ယုံကြည်ရာ သမ္မာတရားလမ်းခရီးလေးကို နေ့စဉ် အမြဲသွေးဆောင်နေ
ရှေ့ဆက်မယ့် ဘဝခရီးလမ်း ကိုယ်တော်ရှင် ပိုင်သနေ
ချီးမွမ်းရင်း အပ်နှံပါ

VERSE 2
ပိုင်ဆိုင်ရာ ဆုကျေးဇူးတွေ အသုံးပြုကာ သခင့်အတွက်ပေးဆပ်လုပ်ဆောင်ကာ
ပျော်ရွှင်စွာ သခင်ရဲ့အမှုတော်ထမ်းရွက်ကာ ဒို့တွေ တတ်စွမ်းသမျှပါဝင်
ဆုလဒ်နဲ့ သရဖူများကို သိုထားတယ်
အကျိုးမဲ့ မဖြစ်စေဘူး

CHORUS 1
အချိန်တန်လျှင် အသီးများလည်း သီးလိမ့်မယ် သင့်ဘဝမှာ
အောင်မြင်စေမယ် နှုတ်ကပတ် သမ္မာကျမ်းစာ
ဘဝခရီးလမ်းတစ်လျှောက်မှာ သခင်နဲ့အတူ
အစဉ်အတိုင်း ကြီးထွားစေပါ

VERSE 3
ကြုံလာမယ့် အခက်အခဲနဲ့ မုန်တိုင်းကြမ်းတွေ ဘဝမှာ အမြဲပဲ တွေ့နိုင်တယ်
ယုံကြည်ရာ မျှော်လင့်ချက်တွေပြည့်ဖို့ကို အမြဲသာ ဆုတောင်းအားယူကာ
ရှေ့ဆက်မယ့် အနာဂတ်လမ်း ကိုယ်တော်ရှင်ထံပါးမှာ
ဆက်ကပ်လို့အသက်ရှင်ပါ

CHORUS 2
ရင်ဆိုင်ပါ ရဲရင့်ခြင်းများနဲ့ ခြေလှမ်းတိုင်းမှာ
ဝိညာဉ်တော်သည် လမ်းပြနေ ထာဝရတိုင်
ဇာတိစိတ် အတွေးများကို ဘေးသို့ဖယ်
မျှော်လင့်ခြင်း လမ်းဆုံးတိုင်ကွယ်